Current News

မြန်မာ စစ်သားများက ရွာသား များစွာကို သတ်ဖြတ် ခဲ့ကြောင်း ရိုဟင်ဂျာ ဒုက္ခသည် များ ထုတ်ဖေါ်ပြောကြား

Photo: AP

By The Stateless Rohingya

ရခိုင်ပြည်နယ် တွင် ဖြစ်ပွါးနေသော လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စဉ်၌ သြဂုတ်လ ၂၅ ရက်မှ ၂၇ ရက် အတွင်း မောင်တောမြို့ မြို့သူကြီးရွာ (ဟိုင်ဒါးဖါရာ) ရှိအိမ်များကို မြန်မာ စစ်တပ်များက မီးရှို့ခဲ့ပြီး ရိုဟင်ဂျာ တချို့ကို ဓားစာခံ အဖြစ် ခေါ်ဆောင် သွားခဲ့သည်။

မြို့သူကြီး ရွာသား ၁၀ ယောက်နှင့် အတူ ဘင်္ဂလာဒေ့ရှ် သို့ ထွက်ပြေး လွှတ်မြောက် လာသော နုရ်အာမိန် ၏ ပြောကြားချက် အရ မြန်မာ စစ်သားများက ရွာကို ၀ိုင်းထားခဲ့ခြင်းကြောင့် အစာ ရေစာ နှစ်ရက် ငတ်ပြတ် ခဲ့ကြောင်း သိရသည်။

ရွာသားများကို လူမဆန်စွာ ရိုက်နှက် နှိပ်စက်မှု ကြောင့် ၂၇ နှစ် အရွယ် အမျိုးသမီး တယောက် အပါအ၀င် လူ ၁၀ ယောက် သေဆုံးခဲ့ ရသည်။

အသတ်ခံ ရသူများမှာ

  ၁။ မော်ဂုလ်အာမတ် ၏ သား ရှာကေရ် (၂၂ နှစ်)

  ၂။ ရှုကုရ် ၏ သမီး ဒိလ်ဒါရ် (၂၇ နှစ်)

  ၃။ ဂျလာလ်အာမတ် ၏ သား ရှာကေရ် (၁၈ နှစ်)

  ၄။ အုစ်မာန် ၏ သား ယူနုစ် (၂၅ နှစ်)

  ၅။ ဘော်ရှောရ် ၏ သား ယာစင်း (၃၀ နှစ်)

  ၆။ ရရှီးဒ်အာမတ် ၏ သား ရှော်ဖိက် (၁၅ နှစ်)

  ၇။ အဗ္ဗဒုလ်ရာမန် ၏ သား မိုဟာမတ်ရှား (၂၁ နှစ်)

  ၈။ ယူနွတ် ၏ သား အေနာမုလ်ဟာဆန် (၂၃ နှစ်)

  ၉။ နုရ်မိုဟာမတ် ၏ သား ချိုဒူ (၁၆ နှစ်)

၁၀။ အဘူတာဟဲရ် ၏ သား အိစ္စမိုင် (၃၀ နှစ်)

မြို့သူကြီးကျေးရွာမှ နုရ်အာမိန်နှင့် အတူ ထွက်ပြေး လာသူများ ထဲတွင် ဒဏ်ရာ ရထားသူ ၁၁ ယောက် ရှိပြီး ဘာလူခါလီ ဒုက္ခသည် စခန်းတွင် နေထိုင်လျက် ရှိပါသည်။ ၎င်းတို့မှာ ယခု အချိန်ထိ သင့်လျော်သော ဆေးဝါး ကုသမှုများ မရကြ သေးပါ။ ၎င်းတို့မှာ

  ၁။ ရှုနာမျာ၏ သား ဟာမိတ်ဟူဆိန်း (၂၄ နှစ်)

  ၂။ ရှာအာလောမ် ၏ သား ယူနွတ် (၂၇ နှစ်)

  ၃။ ဟာလာမျာ ၏ သား  နုရ်ဟာကိမ်း (၃၀ နှစ်)

  ၄။ အဗ္ဗဒုလ်ဟာကိမ်း ၏ သား ဟာဖိစ် မိုဟာမတ် ဟာဆန် (၂၆ နှစ်)

  ၅။ မိုဟာမတ်ရှဖီး ၏ သား ဟာဖိဇ်အုလ္လာ (၁၆ နှစ်)

  ၆။ ယူစွဖ် ၏ သား အေက်ရာမ် (၂၁ နှစ်)

  ရ။   ဖေါ်ဇောလ် ၏ သား နုရ်အာမိန် (၃၅ နှစ်)

  ၈။ ဒိလ်မိုဟာမတ် ၏ သား အဗ္ဗဒုလ်ဟာမိတ် (၂၀ နှစ်)

  ၉။ မော်လဝီ အာလီအက်ဘာရ် ၏ သား ကေဖါယတ်အုလ္လာ (၁၉ နှစ်)

၁၀။ ဟူဆောန်ဇူဟာရ် ၏ သား အဘုလ်ဟာရှိမ် (၂၉ နှစ်)

၁၁။ မိုဟာမတ်ဟူဆိန်း ၏ သား ဟာဖိစ် မိုဟာမတ်ရှော်ဖီ (၂၅ နှစ်)

မြန်မာ့ တပ်မတော်သား များက ရွာထဲတွင် ရက်စက်စွာ နှိပ်ကွပ်မှု အမြောက်အများ ပြုလုပ် ခဲ့ကြောင်း နုရ်အာမိန်မှ ပြောကြားခဲ့သည်။

မြန်မာ့ တပ်မတော် သားများ၏ ရိုဟင်ဂျာ လူမျိုးများ အပေါ် ပြုလုပ်သော လူမျိုးတုန်း သတ်ဖြတ်မှု များနှင့် ကျေးရွာ များကို မီးရှို့ ဖျက်ဆီးခြင်းတို့ကြောင့် လူပေါင်း ၅၄၀,၀၀၀ ကျော် တဖက် ဘင်္ဂလားဒေရှ် နိုင်ငံသို့ ထွက်ပြေးကာ ဒုက္ခသည် စခန်း များတွင် ခိုလုံနေ ရပြီး ဆေးဝါးနှင့် လူမှုရေး အကြပ်အတည်း များနှင့် ရင်ဆိုင် နေရ ပါသည်။

Leave a Reply