Current News

ရိုဟင်​ဂျာ (၅) ဦးပြင်းထန်​စွာဒဏ်​ရာရရှိပြီး (အသက်​စိုးရိမ်​ရ) လူ​တော်​​တော်​များများကိုမြန်​မာ့ရဲများကအ​ကြောင်းမဲဖမ်းဆီးခဲ့

By Khin Maung / The Stateless Rohingya
၀၄.၈.၂၀၁၇

ရ​သေ့​တောင်​မြို့နယ်​။ ။Raza Bil​ ခေါ်​အောက်​နန်းရာ​ကျေးရွာတွင်​မြန်​မာ့ရဲများနှင့်​အတူရခိုင်​အစွန်း​ရောက်အကြမ်းဖက်​​သမားများရုတ်​တရက်​စီးနင်း ဝင်​​ရောက်​​သေနတ်​ဖြင်​ပစ်​ခတ်​တိုက်​ခိုက်​မူ​ကြောင့်​လူငါးဦးပြင်း ပြင်းထန်​ထန်​ဒဏ်​ရာရရှိပြီး (အသက်​စိုးရိမ်​ရ)လူ​တော်​​တော်​များများ ကိုဖမ်းဆီး​ခေါ်​ဆောင်​သွားခဲ့ပါသည်​။

၎/၈/၂၀၁၇ခု၊နံနက်​ ၆း၀၀ နာရီအချိန်​၌ရွာသို့ဗုန်းခနဲ့ရုတ်​တရက်​ဝင်း​ရောက်​ပြီး​တွေ့သမျှရိုဟင်​ဂျာများကို ဖမ်းဆီးခဲ့ပါသည်​။မျက်​မြင်​သက်​​သေခံများ၏​ ​ပြောပြချက်​အရ၄င်း​ဒေသခံမဟုတ်​​သော အခြားနယ်​သစ်​မှရောက်​ရှိလာသူ ရခိုင်​အစွန်း ​ရောက်​အကြမ်းဖက်​သမား များ နှင့်​ရဲများ ပူး​ပေါင်းပြီး ရိုဟင်​ဂျာအမျိုးသမီးများကို မဖွယ်​မရာပြုလုပ်​စဉ်​ရွာသားများကဝိုင်းကာအမျိုးသမီးများကိုကာကွယ်​ရန်​ကြိုးစားသည့်​အခါနယ်​ခြား​စောင့်​များကစု​ဝေး​သောလူအုပ်​စုထဲ့သို့လက်​လွှတ်​စပယ်​​သေနတ်​ဖြင့်​ပစ်​ခတ်​သဖြင့် အပြစ်​မဲ ​ဒေသခံ ရိုဟင်​ဂျာငါးဦးပြင်း ထန်​စွာ (အသက်​စိုးရိမ်းရ)ဒါဏ်​ရာ ရရှိခဲ့ပါသည်​။

ဒါဏ်​ရာရရှိသူများ

၁။ဦးအာဒူဆူဝါန်(ဘ)ဦးကာဆိမ်
၂။ဦးဆော်ဒူလာ(ဘ)ခေါ်ရီမူလာ
၃။ဦးဘော်ရှိရ်အာမတ်(ဘ)ဦးမာ မတ်ဟာဆောင်
၎။ဦးအီနူစ်(ဘ)ဦးနုရ်အာလောမ်
၅။ဦးအာဒူရှုကူရ်(ဘ)ဦးမော်တီးရာမန်တို့ဖြစ်ကြပါသည်။

ရွာပြင်​ပ မှာလယ်​ကွင်းထဲ့​ကောက်​ စိုက်​​နေသူ သားအဖ ၂​ယောက်​အပါအဝင်​ ထီးပြင်​စား​သောက်​သူ တဦး နှင့်​လူငါးဦးကိုနယ်​ခြား​စောင့်​ရဲ များက ဖမ်းစီး​ခေါ်​ဆောင်​သွားခဲ့သည်​။ * ဖမ်းစီးခြင်းခံရသူများမှာ

၁။ဦးရာ​မောတ်​အုလ်​လာ(ဘ) ဦးအာမိရ်​ဟမ်းဇား​၊
၂။ဦးအမီရ်​ဟူစိန်​(ဘ)ဦးရာမာတ်​ အုလ္လာ၊
၃။ဦးနာဆဲရ်​အုလ္လာ(ဘ)ဦးနုရ်​မူဟမတ်
၎။ ဦးဟူဆိန်​နှင့်
၅။ ဦးရာမာတ်​တို့ဖြစ်​ ကြပါသည်​။

နယ်​ခြား​စောင့်​များကရုတ်​တရက်​စီးနှင်းမူနှင့်​လူများကိုဖမ်းဆီး၊ရိုက်​သတ်​မှုတို့​ကြောင်း​ သောကြာ​နေ့ဗလီဝတ်​ပြုခြင်း​ကိုပင်​ မပြုလုပ်​နိုင်​သည့်​အပြင်​ ရွာအတွင်း​နေထိုင်​ဖိုးပင်​ခက်​ခဲလျှက်​ထွက်​​ပြေး​နေရပါသည်​။

လွန်​ခဲ့​သောဇူလိုင်​လမှစ၍ယခုထိနယ်​ခြား​စောင့်​များနှင့်​ရခိုင်​အစွန်း​ရောက်​သမားများပူး​ပေါင်းကာ​မောင်​​တော၊ဘူးသီး​တောင်​မြို့နယ်​ ရှိ​ဒေသခံ ရိုဟင်​ဂျာများကိုအကြမ်းသမားအဖြစ်​ပုံ​ဖော်​ကာမတရားဖမ်းဆီးခြင်း၊ရိုက်​နှက်​ သတ်​ဖြတ်​မှုများပြုလုပ်​လျှက်​ရှိပါသည်​ပါသည်​။

Leave a Reply