Current News

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ

မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိသည့် ရခိုင်ပြည်နယ်သည် ရှည်လျား၍ ဂုဏ်ယူထိုက်သည့် သမိုင်းကြောင်းနှင့် ကြီးကျယ်ခမ်းနားသည့် ယဉ်ကျေးမှု အစဉ်အလာများရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် ရှေးယခင်က ကြီးပွားချမ်းသာသော ကုန်သွယ်ရေးအရ အချက်အခြာကျသည့် အာရှတိုက်၏ အဓိက စပါးစိုက်ပျိုးထုတ်လုပ်ရာ ဒေသဖြစ်ခဲ့သော်လည်း ယခုအချိန်အခါတွင် မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံး ပြည်နယ်များအနက် တစ်ခု ဖြစ်နေပါသည်။ ထို့ပြင် ရခိုင်ပြည်နယ်သည် လူမျိုးရေးတင်းမာမှုနှင့် ပဋိပက္ခများ ကြီးစိုးရာဒေသ ဖြစ်နေရုံသာမက မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ပြင်းထန်သည့် ငြင်းခုန်မှုများ အရှိဆုံးနှင့်  ဝေဖန်စောင့်ကြည့်အခံရဆုံး ဒေသတစ်ခုဖြစ်ပါသည်။

ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်မည့် အလားအလာကောင်းများကို ပြည်နယ်အတွင်း နေထိုင်ကြသော ပြည်သူများ၏ အကျိုးနှင့် လူမှုဖူလုံရေး တို့အတွက် ထိရောက်စွာ အသုံးပြုနိုင်ခြင်း မရှိသေးသည်ကို တွေ့ရပါသည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်အရ ကိုဖီအာနန် ဖောင်ဒေးရှင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးတို့မှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ဖွဲ့စည်းခဲ့ပါသည်။ ကော်မရှင်သည် မြန်မာနိုင်ငံ၏ အရေးအတွက် မြန်မာနိုင်ငံသားများကို အဓိကအခြေခံ၍ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။

ကော်မရှင်၏ အဓိကလုပ်ပိုင်ခွင့်နှင့် တာဝန်သည် ရခိုင်ပြည် နယ်အတွင်း ကြုံတွေ့နေရသော ရှုပ်ထွေးပွေလီသည့် စိန်ခေါ်မှုကြီးများကို စိစစ်၍ ထိုစိန်ခေါ်မှုကြီးများကို စီမံခန့်ခွဲ၊ ဖြေရှင်းနိုင်မည့် အရေးယူ ဆောင်ရွက်သင့်သည့် အချက်များနှင့် ပတ်သက်၍ အကြံပြုချက် များကို ပေးရန်ဖြစ်ပါသည်။

အပြီးသတ်အစီရင်ခံစာ ဖတ်ရှုရန်