Current News

ကျမ်းမြတ်​ကုန်​အာန်​ကိုနယ်​ခြား​စောင့်​များကစုတ်​ဖြဲနင်းခြင်းပြုလုပ်

By Khin Maung, The Stateless Rohingya

မောင်​​တေခရိုင်​၊ငန်း​ချောင်း​ကျေးရွာအုပ်​စုရှိနယ်​ခြား​စောင့်​ရဲစခန်းမှနယ်​ခြား​စောင့်​ရဲ(၂)ဦးသည်​ ၁၈၊၅၊၂၀၁၇ခု၊​နေလည်​(၁၂း၀၀)ချိန်​တွင်​ရွာရှိဗလီထဲသို့ဝင်​​ရောက်​ပြီးကုန်​အာန်​ကျမ်း​တော်​တင်​လျက်​ရှိ​သော​ခုံတန်းများ၊စင်းတို့ကို​ခြေ​ထောက်​ဖြင့်​ကန်​ခြင်း၊ကုန်​အာန်​မြတ်​​တော်​ကြီးကိုစုတ်​ဖြဲခြင်း၊နင်းကန်​ခြင်းတို့ကိုပြုလုပ်​ခဲ့ပါသည်​။

အစ္စလာမ်​ဘာသာတရား​တော်​ကြီးမှတန်​ဖိုးမဖြတ်​နိုင်​​သောကျမ်းမြတ်​ကုန်​အာန်​​တော်​ကြီးကိုနယ်​ခြား​စောင့်​ရဲများကမထီမမြဲ့ပုမိခြင်း၊စုတ်​ ဖြဲဖြင်း၊နင်းကန်​ခြင်းတို့သည်​အစ္စလာမ်​ဘာသာဝင်​များ၏နှလုံးသားကို​စော်​ကားခြင်းဖြစ်​ပါတယ်​ဟု​ဒေသများကခံစားလျက်​ရှိ​နေပါတယ်​။

ဤကဲ့သို့နယ်​ခြား​စောင့်​များ၏ဘာသာတရားအ​ပေါ်​စော်​ကားအနိုင်​ကျင့်​မူကိုနိုင်​ငံ​တော်​အစိုးရမှအမြန်​ဆုံးထိ​ရောက်​စွာအ​ရေးယူ​ပေးပါရန်​​ဒေသများလိုလား​တောင်းဆို​နေပါသည်​​။