Current News

အနာဂတ် ပျောက်ဆုံးနေသော အပြစ်မဲ့ ရိုဟင်ဂျာ အမျိုးသမီးတဦးကို ထောင်ဒဏ် ချမှတ်

By Khin Maung
ရိုဟင်ဂျာ အမျိုးသမီးတဦးကို လွန်ခဲ့သော၂၀၁၇ ခုနှစ် မေလ ၁၅ ရက်နေ့တွင် မောင်တောမြို့နယ်၊ တရားရုံးမှ ထောင်ဒဏ် (၆)  လချမှတ် လိုက်ပါတယ်။
 လွန်ခဲ့သော ၁၃- ၁၁- ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မောင်တောမြို့ မြောက်ပိုင်း တိုက်ခိုက်မှု ဖြစ်စဉ်တွင် ကျားခေါင်းတောင်ကျေးရွာနေ ဦးအာဒူဆလာမ်နှင့် အခြားအမျိုးသား နှစ်ဦးကို  မြန်မာ့တပ်မတော် စစ်သားများက သတ်ဖြတ် ခဲ့ပါတယ်။ အသတ် ခံခဲ့ ရသော အာဒူဆလာမ်၏ ဇနီး မဆာလ်မာခါတူကို အပြစ်မရှိ အပြစ်ရှာကာ မောင်တောတရားရုံးမှ ထောင်ဒဏ် ခြောက်လ စီရင် ခဲ့ပါတယ်။

မဆာလ်မာခါတူက ကျားခေါင်တောင်ကျေးရွာသို့ ရောက်ရှိလာသော အပြည်ပြည်ဆိုင်ရာ သံတမန်အဖွဲ့နှင့် သတင်းထောက်များကို မြန်မာစစ်သားများက သူမ၏ခင်ပွန်းနှင့် အခြားအမျိုးသားနှစ်ဦးကို သတ်ဖြတ် ခဲ့ပုံနှင့် သူမ၏ ခံစားချက် များကို ပူပန်းသောကတကွ အမှန်အတိုင်း တင်ပြပြောဆို ခဲ့ပါတယ်။
ယုံကြည်စိတ်ချက်ရသော သတင်းများအရ မဆာလ်မာခါတူက ရွာသို့ ရောက်ရှိလာသော သံတမန်နှင့် သတင်းထောက်အဖွဲ့များကို ခင်ပွန်းဖြစ်သူနှင့်အတူ သတ်လိုက် ခြင်းခံရသော အခြားအမျိုးသားနှစ်ဦးအကြောင်းကို အမှန်အတိုင်းရှင်း ပြခဲ့ခြင်း ဖြစ်ပါတယ်။
သူမကသံတမန်အဖွဲ့နှင့်သတင်းထောက်များကို သူမ၏ခင်ပွန်း အသက် ၆၀နှစ်၊ Rabailla မှ အဒူဆလာမ် အသက်၆၅နှစ်၊ အာမိန်ဒုလ်လာအသက် ၆၀နှစ်၊ ဒါကြီးစ တို့ကို စစ်သားများက သတ်ဖြတ်ပြီး မြုတ်နှံခဲ့သော နေရာကို လိုက်လံပြသ ခဲ့ပါတယ်။
လွန်ခဲ့သော ၁၅ – ၅ – ၂၀၁၇ ရက် တနာင်္လာနေ့ နံနက် (၉း၀၀) အချိန်တွင် အမှတ်(၁၂) နယ်ခြားစောင့်စခန်းမှ နယ်ခြားစောင့်တပ် များလာရောက်ပြီး မဆာလ်မာခါတူကို ဖမ်းဆီကာ မောင်တောမြို့တရားရုံးသို့ ပို့ဆောင်ခဲ့ရာ တရားရုံးမှ ထောင်ဒဏ်ခြောက်လ ချမှတ်ပြီး ဘူးသီးတောင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပါတယ်။
  မြန်မာ့နိုင်ငံ တရားဥပဒေစိုးမိုးရေး ဘယ်လို အဆင့်အတန်းမှာ ရောက်ရှိနေပါသလဲ။ လူတဦးကို တရက်တည်းတွင်ထောင်ဒဏ် ချနိုင်စွမ်းရ ည် မြန်မာ့ တရားသူကြီးများမှာ ဘာဖြစ်လို့ ရှိနေဒါလဲ စဉ်းစားကြည့်ပါစို့။