Current News

မောင်တောမြို့ မြောက်ပိုင်းတွင် မြန်မာ စစ်တပ်မှ ရိုဟင်ဂျာ ရွာသားများကို အကြမ်းဖက် ခြိမ်းခြောက်

By The Stateless Rohingya

၂၀၁၇ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် မောင်တောမြို့၊ မြောက်ပိုင်း ကြိမ်ချောင်း (ဘော်လီဘဇာ) ရှိ ဆင်သေပြင် ကျေးရွာသို့ တပ်ရင်း ၅၅၁ မှ မြန်မာစစ်သား တပ်ဖွဲ့ တဖွဲ့ ရုတ်တရက် ရောက်ရှိ လာပြီး ရွာသားများကို ခြိမ်းခြောက် နှောင့်ယှက်မှု များနှင့် အကြမ်းဖက်ခြင်း များကို ထပ်မံ ပြုလုပ် ခဲ့ပါသည်။

တပ်ဖွဲ့ဝင် ၆၀ ကျော်ခန့် ရှိသော စစ်သားများသည် အနီးရှိ မြစ်တွင် ငါးဖမ်းပြီးနောက် တောထဲတွင် ထင်းခွေရန် ထွက်လာသော ၂၂ နှစ် အရွယ်ရှိ အိုလီဟူဆိန်း ၏ သားဖြစ်သူ မိုဟာမတ်ယူနွတ် အား တားဆီးပြီး လူမဆန်စွာ ရိုက်နှက် နှိပ်စက်မှု့ကြောင့် လက်တဖက် ကျိုးသွားခဲ့ပြီး ချွန်ထက်သော အရာ တခုနှင့် ထိုးနှက်ခြင်းကြောင့် ဗိုက်ယာဖက်ပိုင်းတွင် ပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ ပါသည်။

သူ့ကို တနာရီခန့် ညှင်းပန်း နှိပ်စက် ရိုက်နှက် ပြီးနောက် မွန်းလွှဲ ၁၂း၃၀ အချိန်တွင် ပြန်လွှတ် ပေးခဲ့ပါသည်။

ယင်းတပ်ဖွဲ့ဝင် များသည် အသက် ၅၄ နှစ် အရွယ်ရှိ အာမတ်၏ သား ဇမိရ်ဟူဆိန်း အား အိမ်ထဲမှ ဆွဲ ခေါ်သွားပြီး လူမဆန်စွာ ရိုက်နှက် ခဲ့ပါသည်။ ထို့ပြင် သူ၏ ရှည်လျားသော မုတ်ဆိတ် များကို မီးရှို့ ခဲ့ကြပါသည်။ မုတ်ဆိပ် မီးရှို့ခြင်းသည် မြန်မာ စစ်သား များက ရိုဟင်ဂျာ ယောင်္ကျား များပေါ် လုပ်လေ့ လုပ်ထ ရှိသည့် အလေ့အကျင့် (အစဉ်အလာ) တခုဖြစ်သည်။

မြန်မာ့စစ်တပ်၏ မောင်တောမြို့ မြောက်ပိုင်းတွင် စတင် ပြုလုပ် ခဲ့သော နယ်မြေ ရှင်းလင်းရေး အတွင်း စစ်သားများ၏ ရက်စက်စွာ အကြမ်းဖက် ခြင်းကို စဉ်ဆက် မပြတ် တွေ့ကြုံ ခံစားလာရသော ရိုဟင်ဂျာ ယောင်္ကျား များစွာ တို့သည် စစ်သားမျး၏ လူမဆန်သော နှိပ်ကွပ်မှု များကို ရှောင်ရှား နိုင်ရန် အတွက် အင်္ဂါနေ့ တွင် အမျိုးသမီးများနှင့် ခလေးများကို ရွာထဲတွင် ထားခဲ့ပြီး ပုန်းအောင်း နေခဲ့ ကြပါသည်။

စစ်သားများသည် အားနည်းသော အမျိုးသမီး များကို ကွင်းပြင်တခု တွင် စုဝေး စေပြီး သူတို့၏ လင်ယောင်္ကျား များကို ပြန်ခေါ်ရန် တွန်းအားပေး ခြိမ်းခြောက် မှုများ ပြုလုပ် ခဲ့ပါသည်။ မလုပ် ပါက အကြမ်းဖက်သမား များအဖြစ် သတ်မှတ် မည်ဖြစ် ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။ သူတို့ကို ညနေပိုင်းတွင် ပြန်လွှတ် ပေးခဲ့ ပါသည်။ အမျိုးသမီး များသည် မြန်မာ စစ်သားများ၏ နှောင့်ယှက်၊ ခြိမ်းခြောက်၊ အကြမ်းဖက်မှု သံသရာ အတွင်း ဆက်လက် ကျရောက် နေဆဲ ဖြစ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ မှ မောင်တောမြို့ မြောက်ပိုင်းတွင် မြန်မာ စစ်တပ်မှ ကျူးလွန်လျက် ရှိသော ရိုဟင်ဂျာ လူမျိုး များ လူမျိုးတုန်း မျိုးပြုတ် သန့်စင်ရေး အပေါ် စုံစမ်း စစ်ဆေးရန် အရေးပေါ် အချက် အလက် ရှာဖွေရေး ကော်မရှင် တခု ဖွဲ့စည်းရန် တောင်းဆို သော်လည်း ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်မှ ပြစ်ဒဏ် ကင်းလွှတ်ခွင့် ရသကဲ့သို့ လူသားမျိုးနွယ်စု တရပ်လုံး အပေါ် ကျူးလွန်သော ပြစ်မှုများကို ဆက်လက်၍ ကျူးလွန် နေဆဲ ဖြစ်ပါသည်။