Current News

ယာယီ တာဝန်ဖြင့် ရောက်ရှိလာသော မင်းခမောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ ကင်းစခန်းမှူးက ဒေသခံများ ထံမှ ငွေညှစ် လျက်ရှိ

 By Khin Maung

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ခမောက်ဆိပ်မြို့၊ မင်းခမောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း သို့ အောင်ဇူ နယ်မြေရုံးမှ ယာယီ တာဝန်နှင့် ရောက်ရှိ လာသော ယာယီစခန်းမှူး ဒုရဲအုပ်သည် နေ့စဉ် ဒေသခံများ ထံမှ ငွေညှစ် လျက်ရှိနေပါသည်။
ယာယီ တာဝန်ဖြင့် ရောက်ရှိ နေသော မင်းခမောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ ဒုရဲအုပ် သည် မင်းခမောက် အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့်နှင့် မကျီးချောင်းကျေးရွာမှ ရာအိမ်မှူး နုရ်အီစ္စလာမ် တို့နှင့် ပူးပေါင်းကာ ဒေသခံ များကို အပြစ်မရှိဘဲ အပြစ်ရှာ၍ ဖမ်းဆီး ခေါ်ဆောင်ပြီး အမျိုးသမီး များပါ မကျန် ရိုက်နှက် နှိပ်စက် ခြိမ်းခြောက်ပြီး ငွေညှစ်လျက်ရှိနေပါသည်။

၁။ ဟာဖီးဇ်မာမတ် (ဘ) အော်လီအမတ် – (၆)သိန်းကျပ်၊
၂။ နာဇိရ်ဟူစိန် (ဘ) မူဇောရ်များ – (၃)သိန်းကျပ်
၃။ ဒေါ်တော်ယိုဘာဘေဂမ် (ဘ) အာမိန်ဟူစိန် နှင့် အပေါင်းအပါ (၄) ဦးထံမှ (၈) သိန်းကျပ်၊
၎။ ဒေါ်ဟာမီဒါခါတူ (ဘ) ဟူစိန်အလီမှ တစ်သိန်းခွဲ ကျပ် အသီးသီးကို (၁၄၊ ၄၊ ၂၀၁၇) တစ်ရက် တည်း တွင် ငွေညှစ်ခံရပါသည်။
သို့ဖြစ်ပါ၍ ယာယီစခန်းမှူး၏ ဥပဒေမဲ့ လုပ်ရပ်ကို သက်ဆိုင်ရာမှ လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးပါရန် ဒေသခံများ တောင်းဆိုနေပါတယ်။