Current News

မောင်တောမြို့မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာ နှစ်ရွာကို မြန်မာ စစ်တပ်မှ စီးနင်း

By The Stateless

မောင်တောမြို့ ၂၀၁၇ ခုနှစ် ဧပြီလ ၁၆ ရက်။

မောင်တောမြို့မြောက်ပိုင်း လောင်းဒုံကျေးရွာအုပ်စုရှိ ရွာငယ် နှစ်ရွာကို ယနေ့ နံနက်မှ စ၍ ခန့်မှန်းခြေ တပ်ဖွဲ့အင်အား ၉၀ ခန့် ရှိသော စစ်တပ်မှ ဝင်ရောက်စီးနင်းလျက် ရှိသည်။

ယင်းတပ်ဖွဲ့သည် အနီးအနားတွင် တပ်စွဲထားသော တပ်ရင်း ၅၅၁ မှ ဖြစ်ကြောင်း သိရပါသည်။ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ရွာနှစ်ရွာအား ရုတ်တရက် ဝိုင်းရံ ပိတ်ဆို့ စီးနင်းပြီး ရိုဟင်ဂျာ ယောင်္ကျား အချို့ကို ဖမ်းဆီးခဲ့ပါသည်။

တပ်ဖွဲ့ဝင်များက အမျိုးသမီးများနှင့် မိန်းခလေးငယ်များအား အိမ်ထဲမှ ဆွဲခေါ်ပြီး နေရာတနေရာတွင် စုဝေးစေကာ ကာယအိနြေ္ဒပျက်ပြားအောင် နည်းမျိုးစုံဖြင့် ပြုကျင့်ခဲ့ ကြပါသည်။ မျက်မြင်ကိုယ်တွေ့ တွေ့ရှိသူ တဦး၏ အဆိုအရ တပ်ဖွဲ့ဝင်များက သူတို့၏ အဖိုးတန် ရွှေ၊ ငွေ လက်ဝတ် ရတနာပစ္စည်းများကို လုယူခဲ့ပြီး သူတို့၏ အရှက်အင်္ဂါများကို ကိုင်တွယ်မှုများ ပြုလုပ်ခဲ့ကြသည်။

မျက်မြင်ကိုယ်တွေ့ တွေ့ရှိသူမှ ဆက်လက်၍ တပ်ဖွဲ့ဝင်များက ကျွန်တော်တို့ကို နိုင်ငံကိုစွန့်ခွာ ထွက်ပြေးသွားကြရန် ခြိမ်းခြောက်လျက်ရှိသဖြင့် အလွန်ကြောက်မက် ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။ သူတို့က ဖေဒါန် ၏ သား အဘူကလာမ် (၂၅ နှစ်) ကို ဖမ်းဆီးခဲ့ ပြီး မွန်းလွှဲပိုင်းတွင် ပြန်လွှတ်ပေး ခဲ့ပါသည်။ ယခု ကဲ့သို့ စစ်တပ်၏ ရုတ်တရက် ရက်စက်ကြမ်းကြုပ်ရခြင်း၏ နောက်ကွယ်က အကြောင်းရင်းကို မည်သူမျှ မသိပါ။ ကျွန်တော်တို့ အလွန် ကြောက်စရာ အနေအထား တခုကို ပြန် ခံစားနေ ရပါတယ်။

ဆင်သေပြင်ရွာ အရှေ့ဖက်ရှိ ဗလီတွင် စစ်တပ်ဖွဲ့များ စခန်းချထားသည့်အတွက် ရွာသားများက အဓိကတာဝန်ဖြစ်သည့် တနေ့ငါးကြိမ် ဝတ်ပြုခြင်းကို မပြုလုပ်နိုင်ကြပါ။ ထိုပြင် မရေရာသော အခြေအနေများကြောင့် လာမည့် ည အတွက် ရွာသားများ များစွာ ကြောက်ရွံ့ ထိပ်လန့်လျက် ရှိကြပါသည်။